၂၄ ဩဂုတ်

 

 

အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်မှာ နေ့စဉ် တိုးနေဆဲ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ၂၄ နာရီအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို လူ ၁,၂၀၀ ကျော်မှာ တွေ့ရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ငါးရက်က ပိုးတွေ့ရှိသူ အရေအတွက်ထက် နှစ်ဆနီးပါး ရှိနေတာကို တွေ့ရပါတယ်။

 

 

တနင်္ဂနွေနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၂၁၀ ဦးရှိပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၆၄၂ ဦး တွေ့ရှိခဲ့တဲ့အတွက် နှိုင်းယှဉ်ကြည့်ရာတွင် နှစ်ဆနီးပါး ဖြစ်နေတာကို တွေ့ရပါတယ်။

 

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ၈၄၅ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိပြီး သောကြာနေ့မှာ ၉၄၇ ဦးနဲ့ စနေနေ့မှာ ၁,၀၇၁ ဦး ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။ စနေနေ့မှာ သေဆုံးသူ ၇ ဦး ရှိတဲ့အတွက် အီတလီနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၃၅,၄၃၇ ဦး ရှိတာကို တွေ့ရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက် ဆက်လက်များနေဆဲ ဖြစ်ပေမယ့် အသွားလာ ကန့်သတ်မှုမျိုးကို ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခြင်း မရှိသေးဘဲ အခြေအနေကို ထိန်းထားနိုင်တယ်လို့ ပြောပါတယ်။

 

 

နိုင်ငံမှာ လက်ရှိ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ၁၈,၄၃၈ ဦးရှိပြီး ၆၉ ဦးကိုတော့ အရေးပေါ် အခန်းမှာ ထားရှိကုသပေးနေရကြောင်း သိရပါတယ်။ အခုလပိုင်းအတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံသူ ၂၀၀,၀၀၀ ကျော်ဟာ ပြန်လည် ကျန်းမာလာကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP