မဘိမ်း ၂၄ ဩဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ဩဂုတ် ၂၃ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် မလှိုင်ကုန်းကျေးရွာအုပ်စု၊ ကျို့တပင်လမ်း၊ ဒေသအခေါ်(ဂျိုးကြစ်)ရှိ ဦးဇော်မျိုးထက်၏ နွားတင်ကုတ်အား မိုးကြိုးထိမှန်ကာ နွားတင်းကုတ်အတွင်း ချည်နှောင်ထားသည့် နွားခြောက်ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါမိုးကြိုးထိမှန်မှုကြောင့် (၆)မိုးခန့်ရှိ ခိုင်းနွားနီ (၂)ကောင်၊ (၁)ကောင်လျှင် ကာလတန်ဖိုးငွေ ကျပ်(၁၅)သိန်းခန့်ဖြင့် တန်ဖိုးငွေကျပ် (၃၀)သိန်းခန့်၊ (၃)မိုးခန့်ရှိ အနီရောင်နွားထီး (၁)ကောင် ကာလတန်ဖိုးငွေ ကျပ်(၇)သိန်းနှင့် (၄)မိုးခန့်ရှိ အဖြူရောင်နွားမ (၃)ကောင်၊ (၁)ကောင်လျှင် ကာလတန်ဖိုးငွေ ကျပ်(၅)သိန်းခန့်ဖြင့် ကာလတန်ဖိုးငွေကျပ် (၁၅)သိန်းခန့် စုစုပေါင်းကာလတန်ဖိုးငွေ ကျပ်(၅၂)သိန်းခန့်ရှိ နွားခြောက်ကောင်တို့ မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)


