ဘားအံ ၂၄ ဩဂုတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဩဂုတ် ၂၄ ရက် နံနက် ၇ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၃၄ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေပြီး ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေများဝင်ရောက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် လူနေအိမ်များ ရေဝင်ရောက်နေမှုနှင့် ကယ်ဆယ်ရေးစခန်းများတွင် ထားရှိနိုင်ရေး ယနေ့ နံနက် ၈ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် ဆယ်အိမ်စုကျေးရွာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆယ်အိမ်စုကျေးရွာရှိ အိမ်ထောင်စုများအား ဆန်နှင့် စားရိက္ခာများ ထောက်ပံ့ပေးခဲ့ကာ ပြောင်းရွှေ့ရန်လိုအပ်သည့် အိမ်ထောင်စုများအား အမှတ်(၅)ရက်ကွက်ရှိ သဘာဝဘေးဒဏ်ခံ အဆောက်အဦနှင့် စိုက်ပျိုးရေး ဂိုဒေါင်တို့တွင် ကိုဗစ်-၁၉ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ထားရှိပေးနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ် (ပြန်/ဆက်)