နေပြည်တော် ၂၄  ဩဂုတ်

အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးအကြံပေး ကောင်စီတို့၏ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။ 

 

တွေ့ဆုံပွဲတွင် အာဆီယံစီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များက အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး၊ ASEAN Business Awards ၊ Digital Stars Legacy Project ၊ ASEAN Mentorship for Entrepreneurs Network၊ SGConnect၊ Digital Trade Connect နှင့် COVID-19 ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များစသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြကြသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက ဒေသတွင်းလူမှုစီးပွား သက်ရောက်မှုများကို လျှော့ချနိုင်ရေးအတွက် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ခိုင်မာအားကောင်းစေရန် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ ASEAN-BAC မှ တင်ပြသည့် အဆိုပြုလွှာ၏ နယ်ပယ်ကို ကဏ္ဍစုံနှင့် မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ အာဆီယံစီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)