မင်းဘူး    ၂၅  ဩဂုတ်         


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာမှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 


မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် ဩဂုတ်လ ၂၁ ရက်က ဖြစ်ပွားခဲ့ သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကြမှုကြောင့် အိမ်ခြေ ၂ လုံး ကြိုတင်ပြောင်း ရွေ့ခဲ့ရသည်။ အဆိုပါ ကမ်းပြိုဘေးသင့် အိမ်ခြေ နှစ်လုံး၊ အိမ်ထောင်စု  နှစ်စု တို့အတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် နှစ်သိန်း၊ လူဉီးရေ(၇) ဉီးတို့အတွက် ဆန်ရိက္ခာ(၇)ရက် စာ တန်ဖိုးငွေကျပ်၁၄၇၀၀၊ စုစုပေါင်းထောက်ပံ့ ပေးအပ်ငွေကျပ် ၂၁၄၇၀၀ ကို မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ် ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 


ကျော်စိုးဝင်း(မင်းဘူး)