ကျောက်ပန်းတောင်း ၂၅ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် ပုဂ္ဂလိကဘဏ်များတွင် လူစု လူဝေးမဖြစ်စေရေးနှင့် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ ဩဂုတ် ၂၄ ရက် နံနက် ၉ နာရီက ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး၊ ပညာပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် မြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် လက်ဆေးဘေစင်များ စနစ်တကျထားရှိရေး၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရေးနှင့် သံသယဖြစ်ဖွယ်တွေ့ရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားနိုင်ရေး၊ ငွေကိုင်ဝန်ထမ်းများအနေဖြင့် ခေါင်းစွပ်များနှင့် လက်အိတ်များကို မဖြစ်မနေသုံးစွဲကြရန်နှင့် Hand Gel ဖြင့် လက်ကို မကြာခဏဆေးရန် ပညာပေးခြင်းများ ဆောင်ရွက်ကြသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ အပါအဝင် ပထမပုဂ္ဂလိကဘဏ်၊ အမရာဘဏ်၊ AGD ဘဏ်၊ အသေးစားစက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ CB ဘဏ်၊ ကမ္ဘောဇဘဏ် အစရှိသည့် ဘဏ်(၉)ခုကို ပညာပေး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့်ဘဏ်များကိုလည်း ဆက်လက်စစ်ဆေးပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


