ကွတ်ခိုင်   ၂၅   ဩဂုတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာရှိ တိုက်ပွဲရှောင်စခန်း(IDP)မှ ပြည်သူများအတွက် တစ်ကိုယ်ရေသုံးအထောက်အကူပြု ပစ္စည်းများနှင့် ထုံးအိတ်များကို ကွတ်ခိုင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက် ထောက်ပံ့သည်။

 

 ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာရှိ တိုက်ပွဲရှောင်စခန်း(IDP)မှ အိမ်ထောင်စု ၁၀၅ စု လူဦးရေ ၆၃၆ ဦးအတွက် တစ်ကိုယ်ရည်သုံး အထောက်အကူပြုပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ရာ IDP စခန်းတာဝန်ခံများက လက်ခံရယူသည်။

 

ကိုမိုင်း(ပြန်/ဆက်)