တန့်ယန်း  ၂၅  သြဂုတ် 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့က မြို့နယ်စည်ပင်သာယာစျေးကြီးနှင့် စတိုးဆိုင်ကြီးများ၌ ရောင်းချလျက်ရှိသော အိမ်သုံးဆားများတွင် အိုင်အိုဒင်းပါဝင်မှု စံနှုန်းများကို ကြည့်ရှုစစ်ဆေးကာ အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အရည်အသွေးပြည့်မီသော အိုင်အိုဒင်းဆားရောင်းချမှု ကြည့်ရှုစစ်ဆေးအသိပညာပေးတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူတို့က မြို့နယ်စည်ပင်သာယာစျေးကြီးနှင့် စတိုးဆိုင်ကြီးများတွင် ရောင်းချနေလျက်ရှိသော အိမ်သုံးဆားများတွင် အရည်အသွေးပြည့်မှီသော အိုင်အိုဒင်းပါဝင်မှု စံနှုန်းများကို တိုင်းတာကြည့်ရှုစစ်ဆေး ၍ ရောင်းချနေမှု၊ ထားသိုသိမ်းဆည်းမှုများကို အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

 

မင်းလွင်ဦး(ပြန်/ဆက်)