တနင်္သာရီ ၂၅ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ဩဂုတ် ၂ ရက်၊ ၃ ရက်၊ ၄ ရက်များက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၁၂) စုတို့မှ ကျေးရွာ (၂၂)ရွာမှ လူနေအိမ်(၃၉)အိမ်နှင့် ဘာသာရေးအဆောက်အဦတစ်ခု ပြိုကျ/ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ၎င်းလေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၂၄ ရက် နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသန်းထိုက်စိုးနှင့် ဒုတိယဦးစီးမှူး ဦးတင်ထွန်းအောင်တို့က လေဘေးသင့်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ် ခဲ့သည်။
ယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူနေအိမ်(၃၉)လုံးနှင့် ဘာသာရေးအဆောက်အဦ တစ်လုံးတို့ အတွက် ထောက်ပံ့ငွေစုစုပေါင်းမှာ ငွေကျပ် ၅၆ သိန်း ၅ သောင်း ဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့်ဝန်ထမ်းများ၊ လေပြင်းတိုက်ခတ်ခဲ့ သည့် ကျေးရွာအုပ်စု(၁၂)စုမှအုပ်ချုပ်ရေးမှူးများနှင့် နေအိမ်ပြိုကျ/ပျက်စီးခြင်းခဲ့သည့် လေဘေးသင့် ပြည်သူများ တက်ရောက်ကြသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)


