မြဝတီ ၂၅ ဩဂုတ်
မြဝတီမြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂)ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ ပြောင်းအလုပ်သမားများသည် မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာရာ ယနေ့ ဩဂုတ် ၂၅ ရက် နံနက် ၆ နာရီမှ မွန်းတည့် (၁၂) နာရီအထိ အမျိုးသား(၁၇၀)နှင့် အမျိုးသမီး(၉၈)ဦး စုစုပေါင်း(၂၆၈)ဦး ဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသူ အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူများနှင့် စက်ရုံလုပ်ငန်းများ ရက်လကြာစွာ ပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသောသူများဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်ဝင်ရောက်လာသောသူများကို မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီး Quarantine Center သို့ (၂၁)ရက်ထားရှိရန် စီစဉ်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
#MRTV


