နတ်မောက်   ၂၅   ဩဂုတ် 

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလ      အတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့ နံနက် ၇ နာရီက လူစုလူဝေးမဖြစ်ပေါ်စေရေး   ထုတ်ပေးလျက်ရှိသည်။

 

ယင်းသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် စနစ်တကျရှိစေရန် သုံးပေအကွာ စည်းဝိုင်းများပြုလုပ်ထားပေးခြင်း၊ လက်ဆေးဘေစင်များပြုလုပ်ထားပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask  မပါသူများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို မြို့နယ်ရုံးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ အဆိုပါပင်စင်ထုတ်ပေးရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဩဂုတ် ၂၁ ရက်တွင် မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာ (၁၃)ရွာမှ ပင်စင်စားများကို လည်းကောင်း၊  ၂၄ ရက်တွင် မြို့ပေါ်ရပ်ကွက်  (၂)ရပ်ကွက်နှင့် ကျေးရွာ (၁၁)ရွာမှ ပင်စင်စားများကို လည်းကောင်း၊ ၂၅ ရက်တွင် မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်နှင့်   ကျေးရွာ (၁၃)ရွာမှ ပင်စင်စားများကိုလည်းကောင်း၊ ၂၆ ရက်တွင် မြို့ပေါ်ရပ်ကွက် (၁)ရပ်ကွက်နှင့် ကျေးရွာ (၁၃) ရွာမှ ပင်စင် စားများကို လည်းကောင်း၊ ၂၇ ရက်တွင် ကျေးရွာ (၁၂)ရွာမှ ပင်စင်စားများကိုလည်းကောင်း ၊ ၂၈ ရက်တွင် ကျေးရွာ (၁၁)ရွာမှ ပင်စင်စားများကိုလည်းကောင်း အငြိမ်းစားလစာထုတ်ပေးသည့် နေ့ရက်များအလိုက် နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)