လှိုင်းဘွဲ ၂၅ ဩဂုတ်
Covid-19 စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မျိုးစေ့ထုတ်တောင်သူ လယ်သမားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မျိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ပေါ်ဆန်းတစ်ဧက မျိုးစပါး (၁) တင်းလျှင် ငွေကျပ် ၁၀၅၀၀၊ ဆင်းသုခတစ်ဧက မျိုးစပါး (၁) တင်းလျှင် (၈၅၀၀) ကျပ်၊ မြေပြင်စိုက်စရိတ် ငွေကျပ် ၇၅၀၀၊ ဆင်းသုခ စိုက်ပျိုးတောင်သူ (၁၉၂) ဦးကို ငွေကျပ် ၈၃၅၀၀ နှုန်း ပေါ်ဆန်းစိုက် တောင်သူ (၂၂) ဦးကို ငွေကျပ် ၈၅၅၀၀ နှုန်းဖြင့် မိုးစပါးစိုက်ဧက (၂၁၄)ဧက အတွက် မျိုးစေ့ထုတ်တောင်သူ (၈၅) ဦးတို့အား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မိုးစပါး စိုက်ဧက (၁၂၄၆၄၃) ဧက ရှိပြီး မျိုးသန့်မျိုးစေ့စိုက်ပျိုးမည့် သမ္ဘာန်၊ ထီလုံ၊ ဒိုင်းပြ၊ သာယာကုန်း၊ ဉဒေါင်း၊ တဝန်ဖန်ရ၊ ကမော့ကချူး၊ ဝင်းစိန်၊ နောင်သငဲ့ စသည့် ကျေးရွာ(၂၀)တွင် မျိုးကောင်းမျိုးသန့်(၂၁၄)ဧကကို စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


