ကာမိုင်း  ၂၅  ဩဂုတ်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများဖြစ်သည့် အိမ်ထောင်စု ၁၇၁၂ စုတို့အတွက် နိုင်ငံတော်မှ ဒုတိယအကြိမ်အဖြစ် တစ်အိမ်ထောင် လျှင်ငွေကျပ်နှစ်သောင်းစီကို ယနေ့နံနက်(၉)နာရီက  အိမ်‌တိုင်ရာရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။


ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များ၊ ကောင်ရာကျေးရွာ၊ နန့်စီးအင်၊ ကထန်ယန်၊ ဂေါ်ရီ၊ နန့်ယားနှင့် ကပ်မှော်ဇွပ်ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၇၁၂)စုတို့အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်ငွေကျပ် (၃၄၂၄၀၀၀၀)တို့ကို အိမ်‌တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ နံနက်ပိုင်းတွင် အိမ်ထောင်စု(၉၄၇)စု အတွက် ငွေကျပ်(၁၈၉၄၀၀၀၀) တို့ကိုလည်းကောင်း၊ ညနေပိုင်းတွင် အိမ်ထောင်စု(၇၆၅)စုအတွက် ငွေကျပ်(၁၅၃၀၀၀၀၀) တို့ကိုလည်းကောင်း အဖွဲ့များခွဲ၍ ပြည်သူများထံသို့ လက်ဝယ်အရောက်‌ နေ့ချင်းပြီး အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)