ထီးလင်း ၂၅ ဩဂုတ်
ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိနှင့် ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ရှိ/မရှိ ဩဂုတ် ၂၄ ရက် ညနေ ၄ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ထီးလင်း မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်(၃)ဆိုင်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကာကွယ် ကုသရေးဆိုင်ရာ ကျန်းမာရေး ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask)၊ လက်သန့် ဆေးရည်၊ Face Shield နှင့် လက်အိတ် စသည်တို့အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ရှိ/မရှိ တို့ကိုလည်းကောင်း၊ အလှကုန်ဆိုင် (၂)ဆိုင်တွင် ရောင်းချလျက်ရှိသည့် သနပ်ခါးဖြင့်ပြုလုပ်သော အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် မိတ်ကပ် များကို စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော စံနှုန်းများဖြင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


