ဇလွန် ၂၅ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် ၃ လုံးရှိ အိမ်ထောင်စုဝင်များအတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။
ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ဇလွန်မြို့နယ် ကြာအင်းကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာတို့တွင် သြဂုတ် ၂၁ ရက်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့်ပြောင်းရွှေ့နေအိမ် ၃ လုံးအတွက်နေအိမ် တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၃၀၀၀၀၀ ၊ ဆန်ရိက္ခာ တစ်ပတ်စာအတွက် တစ်ဦးလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၂ ဦးတို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ် ၂၅၂၀၀ စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၃၂၅၂၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ(ဇလွန် ပြန်/ဆက်)


