နေပြည်တော် ၂၅  ဩဂုတ်

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၃၀ ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၅၀၄ ဦးရှိသွားပြီဖြစ်ပြီး   ပိုးတွေ့ရှိသူ ၃၀ မှာ အမေရိကန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူတစ်ဦးနှင့် ပြည်ပသို့ခရီးသွားရာဇဝင်မရှိသူ ၂၉ ဦး ဖြစ်ကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူ ၅၀၄ ဦးအနက် သေဆုံးသူ ခြောက်ဦး၊  ပိုးမတွေ့ရှိတော့သူ ၃၄၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနှင့် ဩဂုတ် ၂၄ ရက်မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၂၅ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၃၂ ဦးရှိကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

သတင်းစဉ်