ရှမ်းရွာသစ် ၂၆ ဩဂုတ်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများမှ ကာယကံရှင်များ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးရာတွင် ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများ၊ ကျေးရွာရပ်ကျေးစာရေးများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)စုအတွင်းရှိ မသန်စွမ်းသူတစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၂၈၀၀၀၀)ကို မသန်စွမ်းသူ ကျား  (၁၁၅)ဦး၊ မ (၆၁)ဦး၊ စုစုပေါင်း (၁၇၆)ဦးတို့အား နိုင်ငံတော်၏ကိုယ်စား ကိုယ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။

 

ဝေဠု(ပြန်/ဆက်)