ဘောဂလိ   ၂၆    ဩဂုတ်  

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ဘောဂလိမြို့အတွင်းရှိ  စားသုံးသူပြည်သူများ  စားသုံးရန်မသင့်သည့်  စားသောက်ကုန်ပစ္စည်းများနှင့်  သုံးစွဲရန်မသင့်သည့်  လူသုံးကုန်ပစ္စည်းများ  ရောင်းချမှု မရှိရေး  အတွက် ယမန်နေ့နံနက်ပိုင်းက  ဘောဂလိမြို့ပေါ်(၄)ရပ်ကွက်ရှိ  ကုန်စုံဆိုင်များအား   သွားရောက် ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း  သိရသည်။

 

mdn

 

ထိုသို့ လိုက်လံစစ်ဆေးရာတွင်    သံတောင်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန  မြို့နယ် တာဝန်ခံ ဦးစောအိုကလိုထူး၊ ဘောဂလိမြို့ ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့မှ  တာဝန်ရှိသူများ လိုက်ပါလျှက်   ဘောဂလိမြို့အမှတ်(၄)ရပ်ကွက်  အတွင်းရှိ ကုန်စုံဆိုင်များအား  စားသောက်ကုန် ပစ္စည်းများနှင့်  သုံးစွဲရန်မသင့်သည့်  လူသုံးကုန်ပစ္စည်းများ  ရောင်းချမှုရှိ/မရှိနှင့် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများ၊ Nestle အမှတ်တံဆိပ် မိခင်နို့ အစားထိုး စားသောက်ကုန်များတွင်  မြန်မာစာအညွှန်းပြည့်စုံမှုရှိ/မရှိ  လိုက်လံစစ်ဆေးပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နီလာအေး(ပြန်/ဆက်)