နောင်တရား ၂၆ ဩဂုတ်
COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နောင်တရားမြို့အဝင်၌ နှာခေါင်းစည်းတပ်ဆင်မှုမရှိသည့်ပြည်သူများအား Mask တစ်ခုလျှင် (၂၀၀)ကျပ်ဖြင့် ဝယ်ယူအသုံးပြုစေခြင်းကို ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်သည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဩဂုတ် ၂၄ ရက်မှစတင်၌ နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် နှာခေါင်းစည်း တပ်ဆင်မှုမရှိသည့် ပြည်သူများအား Mask တစ်ခုလျှင်(၂၀၀)ကျပ်ဖြင့် ဝယ်ယူအသုံးပြုစေခြင်းကို ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးစိုင်းချမ်းမြေ့ဝင်း၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


