ဂန့်ဂေါ ၂၆ ဩဂုတ်
ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၊ ဂန့်ဂေါမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး တို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုတင်ပြကြ၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် မဲဆန္ဒရှင်များ၏ ကွက်လပ်ဖြစ်နေသောနေရာ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်များ အချိန်မီဖြည့် နိုင်ရေး ဆွေးနွေးကြကြောင်း သိရသည်။
၁၄၄


