ငဖဲ ၂၆ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများအား ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၂၅ ရက်နေ့တွင် မဲဆန္ဒရှင်စာရင်း လျှောက်ထားသူများအား ပြင်ဆင်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ တင်ပြ လျှောက်ထားလာသည့် မဲစာရင်းထည့်ပေးရန်ပုံစံ(၃)ဖြင့် လျှောက်ထားလာသူ( ၅၂၃ )ဦး၊ မဲစာရင်းတွင် မပါသင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့်လာရောက်ကန့်ကွက်သူ (၂၄၂)ဦး၊ မဲစာရင်းစပ်လျဉ်း သည့်ပြင်ဆင် လွှာပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ (၄၅၈)ဦးစုစုပေါင်း(၁၂၁၃)ဦး ရှိကြောင်း သိရသည်။
အဆိုပါမဲစာရင်းများ ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဩဂုတ်လ(၂၅) ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ငဖဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မယု(ငဖဲ)


