ကန်ပက်လက် ၂၆ သြဂုတ်

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သြဂုတ်အတွင်း လှုပ်ရှားဆောင်ရွက်မှုများအနက် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးလှုပ်ရှားမှုအဖြစ် မြို့တွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များအား အိုင်အိုဒင်းဆားစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ယင်းစစ်ဆေးမှုများကို ကန်ပက်လက်မြို့တွင်း၌ အဖွဲ့(၂)ဖွဲ့၍ စစ်ဆေးလျက်ရှိကြကြောင်းနှင့် အပတ်စဉ် ပုံမှန်လှုပ်ရှားဆောင်ရွက်မှုများကိုလည်း ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါအပတ်စဉ်အလိုက် ပုံမှန်လှုပ်ရှားဆောင်ရွက်မှုများကို မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မိခင်းနှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုလိန်း(ပြန်/ဆက်)

 

mdn