ဆိပ်ဖြူ ၂၆ ဩဂုတ်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်(၁၉)ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်ကိုဗစ် (၁၉) ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်သည်။
ကိုဗစ်(၁၉)ရောဂါသည် လက်ရှိကူးစက်မှု ပြန်လည်မြှင့်တက်နေသည့်အတွက် မြို့နယ်နယ်အတွင်း ကူးစက်ပြန့်ပွားခြင်း မရှိစေရန် မြို့နယ် ကိုဗစ်(၁၉)ရောဂါကူးစက်မှုထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်ဦးဆောင်၍ ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် အနော်ရထာလမ်း၊ ဗိုချုပ်လမ်းနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေးအနီးတို့တွင် ပြင်ပထွက်ခွာသွားလာသူတိုင်း (Mask) နှာခေါင်းစည်းများ တပ်ဆင်သွား လာရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ပြီး (Mask) နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)


