ဝေါလေမြိုင်  ၂၇  ဩဂုတ်

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးစိုးပိုင်၏ တောင်ယာ၌ စမ်းသပ်စိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ နေကြာမျိုး စမ်းသပ်စိုက်ခင်း ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နေကြာစမ်းသပ်စိုက်ခင်း စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းနိုင်ဦးက နေကြာမျိုးများ ဒေသရေမြေ ရာသီဉတုနှင့် လိုက်လျောညီထွေမှုရှိမရှိ စမ်းသပ်စိုက်ပျိုးရခြင်းဖြစ်ပြီး စမ်းသပ်စိုက်ပျိုးခြင်းအောင်မြင်ပါက ဒေသအတွင်း စားသုံးဆီဖူလုံရေး အထောက်အကူပြုနိုင်ရန် နေကြာများကို  ဆီထွက်သီးနှံများအဖြစ် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး လာမည့်ဆောင်းရာသီတွင်လည်း ဆက်လက်၍ စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)