ကျွန်းစု ၂၇  ဩဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူများ ဈေးဝယ်ယူ၊ ရောင်းချနေစဉ် ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဦးဝင်းဇော်မိုး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၄)ဦး၊ မြို့နယ်ဈေးတာဝန်ခံ ဦးသွင်ပိုင်ဦးတို့ ပူးပေါင်း၍ ဈေးအတွင်းရှိ ဆိုင်ခန်းများ၌ လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျ ဖြစ်စေရေး၊ မီးကြိုးများနှင့် မီးလုံးများ သွယ်တန်းထားမှု အခြေအနေများအား စစ်ဆေးပြီး မီးဘေးကြိုတင် ကာကွယ်ရန်အတွက် ဈေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ အဆင့်အသင့် ဆောင်ထားရန် စသည်တို့ကို ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)