၂၇ ဩဂုတ်

 

 

ဂျပန်ဟွန်ဒါကားကုမ္ပဏီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကမ္ဘာတစ်ဝှမ်း ပိုမိုတင်းကျပ်လာသဖြင့်  ပြည်တွင်းဈေးကွက်၌ ရောင်းချမည့် ပထမဆုံး လျှစ်စစ်မော်တော်ကား ပြပွဲပြုလုပ်ခဲ့သည်။

 

 

အဆိုပါ မော်တော်ကားတွင်  လူလေးဦးထိုင် ပါရှိကြောင်းနှင့် တစ်ကြိမ်အားသွင်းထားပါက ကီလိုမီတာ ၃၀ဝ နီးပါး မောင်းနှင်နိုင်ကြောင်း ထိုကုမ္ပဏီက ပြောကြားသည်။

 

 

ထိုလျှစ်စစ်ကား မောင်းနှင်သူများသည် စမတ်ဖုန်းဖြင့် ကားသော့ဖွင့်ပြီး စတင်မောင်းနှင် နိုင်သည်။ ၎င်းကားသည် အဆင့်မြင့်နည်းပညာဖြင့် လက်နှင့်မောင်းနှင်စရာမလိုပဲ ရပ်နားနိုင်သောစနစ် ဖြစ်လာသည်။

 

 

အောက်တိုဘာလနှောင်းပိုင်းမှ စတင်ရောင်းချမည့် ထိုကားတန်ဖိုးမှာ ဒေါ်လာ ၄၃၀ဝ၀ ခန့် သို့မဟုတ် ယန်း ၄ ဒသမ ၅ သန်း ရှိသည်။ ထိုမော်တော်ကား ထုတ်လုပ်သူများသည် နှစ်စဉ် ယာဉ်အစီးရေ ၁၀ဝ၀ ထုတ်လုပ်ရန် မျှော်လင့်ထားသည်။

 

 

တိုယိုတာ၊ နစ်ဆန်နှင့် မက်ဒါ တို့ထုတ်လုပ်သော အခြား ဂျပန်ကားကုမ္ပဏီများသည်လည်း ယခုနှစ်နှင့် နောက်နှစ်များတွင် လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများ အသစ်များ ထုတ်လုပ်ရန် အသင့်ပြင်ထားကြသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို