နတ်မောက်  ၂၇  သြဂုတ် 

 

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်သူများ၊ စာဖတ်ပရိသတ်များ အတွက် Oline မှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများကို  မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် ဝန်ထမ်းများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပတ်စဉ်ကလေးများအတွက် ပုံပြောခြင်း အစီအစဉ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင်များ၏ ကိုယ်တိုင်ရေးဆောင်းပါးနှင့် ကဗျာများ ဆွေးနွေးခြင်း၊ စာရေးဆရာများ၏ စာအုပ်ပါအကြောင်းအရာများကို ခေါင်းစဉ်များအလိုက်ဆွေးနွေးခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်ဖြင့် Myanmar Fitness Dance သင်တန်းများကို နေ့ရက်အလိုက် Oline မှတစ်ဆင့် တင်ဆက် ပေးလျက်ရှိသည်။

 

ထို့ပြင် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာဖတ်၊စာငှား လာသူများအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် သည့်အနေဖြင့် လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ Mask မပါသူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းမေထွန်း(နတ်မောက်)