ကာမိုင်း ၂၇ ဩဂုတ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ပြည်သူများအိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း (Mask)မတပ်ဆင်သူများအား အခုဝယ်အခုတပ်ဒဏ်ပေးစနစ်ဖြင့် ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် “မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့မှ အများပြည်သူ အသွားအလာများသည့်နေရာများ၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်လာခြင်းမရှိသည့် ပြည်သူများအား အခုဝယ်အခုတပ်ဆင်ရန် ဒဏ်ရိုက်စနစ်ဖြင့် ဆောင်ရွက်ရာ နှစ်ခေါင်းစည်း(Mask)တစ်ခုလျှင် ငွေကျပ်ငါးရာနှုန်းဖြင့် ပြည်သူအားဒဏ်ငွေ ထမ်းဆောင်စေပြီး ကောက်ခံရရှိခဲ့သည့် ငွေကြေးများကို ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း” မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်က ပြောသည်။
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ယခင်က ပြည်သူများသည် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းမရှိကြဘဲ ယခုအခါတွင် တပ်ဆင်သွားလာနေကြသည်ကို တွေ့ရှိရပြီး အဆိုပါ ဒဏ်ပေး စနစ်များကို မကြာခဏ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)


