၂၇ ဩဂုတ်
ပြင်သစ်နိုင်ငံမှာ အသွားအလာ ကန့်သတ်မှု ရုပ်သိမ်းပြီးချိန် မှစပြီး ၂၄ နာရီအတွင်း ဗုဒ္ဓဟူးနေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅,၀၀၀ ကျော်ရှိကြောင်း၊ မေလကစပြီး အခု ပိုးတွေ့ရှိသူ အရေအတွက်ဟာ အများဆုံး ဖြစ်ပါတယ်။
အင်္ဂါနေ့ ၂၄ နာရီ အတွင်းမှာ ၃,၃၀၄ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅,၄၂၉ ဦး ရှိကြောင်း ပြင်သစ်ကျန်းမာရေးဌာနက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ကို ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်နေစဉ် အခုရက်ပိုင်းတွင်းမှာ ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၄,၀၀၀ အထိ ရောက်ရှိတာမျိုးကို တွေ့ရပါတယ်။
ပြင်သစ် ဝန်ကြီးချုပ် ဂျန်း ကတ်တက်စ်က ပြင်သစ်ပြည်သူတွေဟာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် အတွက် တာဝန်ယူရမယ်။ နိုင်ငံကလည်း သူ့တာဝန်ကို ထမ်းဆောင်နေစဉ် လူတိုင်းကလည်း ကပ်ရောဂါပိုးကို တိုက်ဖျက်ရမယ်ဆိုတဲ့ စိတ်ထားမျိုး ထားရမယ်လို့ France Inter ရေဒီယိုကို ပြောကြားပါတယ်။
ဂျာမနီနိုင်ငံက ပြင်သစ်နိုင်ငံ ပဲရစ်မြို့နဲ့ မက်ဆေးမြို့ အပါအဝင် Ile-de-France ဒေသကို ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ ဇုန်လို့ ဂျာမနီနိုင်ငံ ကျန်းမာရေးဌာနမှ တနင်္လာနေ့က စပြီး သတ်မှတ်လိုက်ပါတယ်။ အဲဒီဒေသတွေကနေ ဂျာမနီနိုင်ငံကို လာခဲ့ရင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးထားတဲ့ အဖြေတင်ရမှာဖြစ်ပြီး ပိုးစစ်ဆေးစဉ်မှာ သီးသန့်ခွဲခြား နေထိုင်ရမယ်လို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်ချက်အရ လူပေါင်း ၄,၆၀၀ ဆေးရုံမှ ကုသခံယူနေရပြီး ၄၁၀ ကတော့ အရေးပေါ် ကုသရေးခန်းမှာ ရှိနေကြောင်းနဲ့ ပြင်သစ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၀,၅၄၄ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
