နေပြည်တော် ၂၇ ဩဂုတ် 

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း၌ ဩဂုတ် ၂၆ ရက် နံနက် ၈ နာရီက နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူ ဦးဦးမောင်ခင်ပါ ၅၈ ဦးအားလည်းကောင်း၊ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်း၌ နံနက် ၉ နာရီခွဲက နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူ ဦးဝင်းအောင်ပါ ၃၃ ဦးအားလည်းကောင်း။

 

ထို့အပြင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း၌ မွန်းလွဲ ၂ နာရီက နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူ ဦးဗန်လာလ်ရွတ်ပါ ၁၁ ဦးအားလည်းကောင်း အသီးသီး ဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများက ကူးစက်ရောဂါနှိမ်နင်းရေးဥပဒေဖြင့် သက်ဆိုင်ရာ မြို့နယ်တရားရုံးများသို့ ဦးတိုက်လျှောက် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား