နေပြည်တော် ၂၇ ဩဂုတ်
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ဩဂုတ် ၂၃ ရက်မှ ၂၆ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ သုက္ခာကျေးရွာအုပ်စု၊ ကျွန်းတောကျေးရွာ မဲဇာချောင်းအနီးမှ ဝီလင်း (၂၅)ကောင်အင်ဂျင် (၁)လုံးပါ ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ကျွန်းသစ် (၂၇)တန်၊ ကလေးဝမြို့နယ် ကလေးဝ-ရေဦး ကားလမ်း မိုင်တိုင်အမှတ် (၉၇/၂)မိုင်အနီး ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကညင်ခွဲသား (၈)တန်၊ မုံရွာမြို့နယ်၊ အမြင့်ကျေးရွာ၊ ချင်းတွင်းမြစ်ကမ်း တရားမဝင်အင်သစ်/ အင်ခွဲသား/ တန်(၅၀)ခန့်အား ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ သရက်ခုံ(အရှေ့)ရွာတွင် တရားမဝင် ကျွန်းခွဲသား/ ကျွန်းတံခါးချပ်ဆိုဒ်စုံ (၂)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ (၅)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း (နေပြည်တော်)