ဘားအံ ၂၇ ဩဂုတ် 

 

ကရင်ပြည်နယ် ပြည်နယ်ဝန်ကြီး ချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဩဂုတ် ၂၇ ရက် မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့နယ် နှစ်ခြားကျေးရွာအုပ်စုနှင့် ဝဲကြီးကျေးရွာအုပ်စုတို့ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ခြားကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ နှစ်ခြားကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၃၇)ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ်(၁၂၈)ဦး၊ စုစုပေါင်း (၁၆၅)ဦးအတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေ ကျပ် ၇၄၂၅၀၀၀ ကို နှစ်ခြားကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား  ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဝဲကြီးကျေးရွာ သာသနာ့မဏ္ဍိုင်ဝဲကြီးကျောင်းဟောင်း စိတ္တသုခကာရီဓမ္မာရုံ၌ ဝဲကြီးကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၃၆)ဦး၊ အသက်(၂)နှစ် အောက်ကလေးငယ် (၁၁၆)ဦး စုစုပေါင်း (၁၅၂)ဦးအတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေ ကျပ် ၆၈၄၀၀၀၀ ကို ဝဲကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား  ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)