မြိတ် ၂၈ ဩဂုတ်
မြိတ်မြို့နယ်တွင် ပြည်သူများ COVID-19 ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်း နှိုးဆော်ချက်များအား မြို့ပေါ်ရပ်ကွက်များတွင် ကြေညာပေးခြင်းများကို ည ၇ နာရီအချိန်က မြို့နယ်ကရုဏာ နာရေးကူညီမှုအသင်းက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကြေညာရာတွင် မြိတ်မြို့နယ်၌ လူစည်ကားရာ နေရာများဖြစ်သည့် ကမ်းနားလမ်းနှင့် ရပ်ကွက်များတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်ကြရန်၊ လက်ကိုမကြာမကြာဆေးရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း (Hand Speaker) ဖြင့် ပြည်သူများ သိရှိစေရန် ကြေညာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝါဝါခိုင် (မြိတ်ခရိုင် ပြန်/ဆက်)


