ကမာရွတ် ၂၈ ဩဂုတ်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အသက်(၆)လမှ (၅)နှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက် ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၇)ရပ်ကွက် ဓမ္မာရုံ၌စတင် တိုက်ကျွေးပေး လျက်ရှိ ကြောင်း သိရသည်။
ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ဗီတာမင်အေနှင့်သန်ချဆေးများတိုက်ကျွေးရာတွင် “ကလေးများသန်မာ ဖွံ့ဖြိုးဉာဏ်ရည်တိုးဖို့ သန်ကျဆေးကိုတိုက်ကျွေးစို့”ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ လက်မောင်းလုံးပတ် တိုင်းပေးခြင်း၊ ဆေးတိုက်ကျွေးရာတွင် အသက်(၆)လမှ (၁)နှစ်အထိ ကလေးငယ် များအား ဗီတာမင်အေ(၁)သိန်းအား အသက်(၁)နှစ်မှ (၅)နှစ်အထိက လေးငယ်များအား ဗီတာမင်အေ (၂)သိန်းအားနှင့် အသက်(၂)နှစ်မှ (၅)နှစ်အထိ ALBENDAZOLE (၄၀ဝ)မီလီဂရမ် သန်ချဆေး(၁)လုံးတို့ကို ကျန်းမာရေး အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ကိုယ်ဝန်ဆောင် (၃)လအထက် အမျိုးသမီးများကိုလည်း အားဆေးများပေးခြင်းတို့ကို ပြည် သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ခံဆရာမများနှင့် တာဝန်ရှိသူများ၊ ကမာရွတ်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
စိမ်းလဲ့(ပြန်/ဆက်)


