ကော့သောင်း  ၂၈  သြဂုတ်

 

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း တာဝန်လွှဲပြောင်းရန် စင်ကာပူနိုင်ငံမှ လာရောက်သည့် MV PAN GOLD သင်္ဘောပေါ်မှ သင်္ဘောသား (၁၇)ဦး နှင့် အိန္ဒိယနိုင်ငံမှ လာရောက် သည့် MV-ADMIRALTY SPIRIT ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး စုစုပေါင်းသင်္ဘောသား ၂၀  လုပ်ငန်းတာဝန်ထမ်းဆောင်ပြီး ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျှက်ရှိကြောင်း သိရသည်။

 

သင်္ဘောများပေါ်မှ လုပ်ငန်းတာဝန်ထမ်းဆောင်ပြီး ထွက်လာသည့် အဆိုပါမြန်မာ သင်္ဘောသား ၂၀ မှာ  ကော့သောင်းမြို့တွင် ကြိုတင် ရောက်ရှိနေသည့် MV PAN GOLD သင်္ဘောပေါ်သို့ လုပ်ငန်းတာဝန် ထမ်းဆောင်ရန် တက်ရောက်မည့် ကပ္ပတိန် ဦးကျော်နှင်းမောင်ပါ သင်္ဘောသား (၁၅)ဦး နှင့် MV-ADMIRALTY SPIRIT သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးဉာဏ်ပြည့်ပါ  သင်္ဘောသား (၃)ဦးတို့ဖြင့်  တာဝန်လွှဲပြောင်း ယူခဲ့သူများဖြစ်သည်။

 

သင်္ဘောများပေါ်မှ လုပ်ငန်းတာဝန်ထမ်းဆောင်ပြီး ထွက်လာသည့် မြန်မာသင်္ဘောသား (၃၈)ဦးအား  ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၂၁) ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

        

ကျော်စိုး(ကော့သောင်း)