၂၈ ဩဂုတ်

 

 

ဒိုမီနီကန်သမ္မတနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ  ၄၀၇ ဦး ရှိကြောင်း အတည်ပြုထားပြီး ကူးစက်ခံရသူပေါင်း ၉၂၉၆၄ ဦး အထိ မြင့်တက်လာသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

 

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၆၃၀ ဦး ရှိလာသည်။

 

 

ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ ၇၃၇၀ ဦးကို ဆေးရုံတွင် သီးသန့်ကုသမှု ခံယူစေပြီး ၁၉၆၁၇ ဦး ကို နေအိမ်မှာပင် သီးခြားနေထိုင်စေသည်။

 

 

ဆေးရုံတွင် ကုသမှုခံယူနေသူများအနက် ၂၂၆ ဦး မှာ အထူးကြပ်မတ်ဆောင်တွင် ကုသမှု ခံယူနေသည်။

 

 

၆၄၃၄၇ ဦးမှာ ရောဂါကူးစက် ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို