ပဲခူး ၂၈ ဩဂုတ်
ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ယနေ့နံနက် ၁၀ နာရီက မြန်မာဘရူဝါရီလီမိတက်နှင့် စီးပွားမိတ်ဖက်လုပ်ငန်းရှင်ကြီးများမှ (Ventilator) အသက်ရှူအထောက်အကူပြုစက် တစ်လုံး လှူဒါန်းပေးခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာဘရူဝါရီလီမိတက်နှင့် စီးပွားမိတ်ဖက်လုပ်ငန်းရှင်ကြီးများမှ ငွေကျပ်(၁၆၅)သိန်းတန်ဖိုးရှိ (Ventilator) အသက်ရှူအထောက်အကူပြုစက် (၁)လုံးအား ပဲခူးမြို့ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသူဇာအောင်နှင့် ဆေးမေ့အထူးကုဆရာဝန်ကြီး ဒေါက်တာ ယုသဉ္စာနွယ်တို့ထံ ပေးအပ်လှူဒါန်းရာ ဒုတိယဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်သည်။
မြန်မာဘရူဝါရီလီမိတက်အနေဖြင့် ၂၀၂၀ ခုနှစ် ဇွန် ၃ ရက်တွင် ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီး ICU အရေးပေါ်ဌာနအတွက် Patient Monitors (၂)စုံနှင့် Oxygen Concentrators (၂)စုံနှင့် မြောက်ဥက္ကလာပဆေးရုံကြီး ICU အရေးပေါ်ဌာနအတွက် Patient Monitors (၂)စုံတို့ကိုလည်းကောင်း၊ ဩဂုတ် ၂၀ ရက်တွင် မုံရွာပြည်သူ့ ဆေးရုံကြီးတွင် (Ventilator) အသက်ရှူစက်(၁)လုံးအား လည်းကောင်း၊ ဩဂုတ် ၂၁ ရက်တွင် မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးအတွက် (Ventilator) အသက်ရှူစက်(၁)လုံးအားလည်းကောင်း လှူဒါန်းပေးခဲ့ပြီး ဩဂုတ် ၂၈ ရက်(ယနေ့)တွင် ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံကြီးအတွက် ငွေကျပ်(၁၆၅) သိန်းတန်ဖိုးရှိ (Ventilator) အသက်ရှူစက် (၁)လုံးအား လာရောက်လှူဒါန်းပေးခြင်းဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးရုံများသို့လည်း (Ventilator) အသက်ရှူစက်များ ဆက်လက်လှူဒါန်းပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
တင်စိုး(ပဲခူး)


