ကျိုက်မ​ရော  ၂၈    သြဂုတ်  

ကျိုက်မ​ရော မြို့နယ်အတွင်းရှိ မိုးစပါးမျိုး​စေ့ထုတ် စိုက်ပျိုးသည့်​ တောင်သူများအား ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ သွင်းအားစုမျိုး​ကောင်းမျိုးသန့်များ လိုအပ်သည့်အချိန်တွင် ရယူသုံးစွဲနိုင်ရန် မြို့နယ်စိုက်ပျိုး​ရေး ဦးစီးဌာနမှ​ထောက်ပံ့​ငွေ ​ပေးအပ်ပွဲကို ယ​နေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးရုံး အစည်းအ​ဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် စိုက်ပျိုး​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်း​အောင်သန်းက အမှာစကား​ပြောကြားပြီး မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနဦးစီးမှူး ဦးလှတင်​မောင်က​​ တောင်သူများအား​ ထောက်ပံ့​ငွေ​ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

 

ထို့​​နောက် ကျိုက်မ​ရောမြို့နယ်အတွင်းရှိ​ ကျေးရွာအုပ်စု(၉)အုပ်စုတွင် မိုးစပါးမျိုး​စေ့ထုတ်​တောင်သူ (၃၆)ဦး အား တစ်ဧကလျှင်မျိုး​စေ့ဖိုး ၁၀၅၀၀ ကျပ် စိုက်ပျိုးစရိတ် ၇၅၀၀၀ ကျပ် စုစု​ပေါင်း ၈၅၅၀၀ ကျပ်/နှုန်းနှင့် မိုးစပါးမျိုး​​စေ့ထုတ် ဧက(၉၀) စိုက်ပျိုးသည့်​ တောင်သူ(၃၆)ဦး အား​​ ထောက်ပံ့​ငွေများ ပေးအပ်ခဲ့​ကြောင်း သိရသည်။

ချိုချို (ပြန်/ ဆက်)