လားရှိုး ၂၈ ဩဂုတ်
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော် မြို့များရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ် များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယနေ့တွင် အမျိုးသား (၂၄)ဦး၊ အမျိုးသမီး(၆)ဦး စုစုပေါင်း ၃၀ အား လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၃၀)ဦးတို့တွင် ကချင်ပြည်နယ်မှ (၂)ဦး၊ ကယားပြည်နယ်မှ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၀)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၇)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃)ဦး၊ နေပြည်တော်မှ (၂)ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁)ဦးတို့ ဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေ ၆ ရက်မှ ဩဂုတ် ၂၈ ရက်အထိ နေရပ်ပြန်ပြည်သူ အမျိုးသား (၉၄၉၃) ဦး၊ အမျိုးသမီး (၅၉၆၆) ဦး စုစုပေါင်း (၁၅၄၅၉) ဦးကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)


