၂၈ ဩဂုတ်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နီးစပ်သော သတင်းအရင်းအမြစ်က ရှင်ဇိုအာဘေးသည့် ကျန်းမာရေး ကိစ္စနှင့် ပတ်သက်ပြီး ရာထူးမှ နုတ်ထွက်ရန် စီစဉ်နေသည်ဟု ဆိုသည်။
ရှင်ဇိုအာဘေးက ၎င်းရာထူး နုတ်ထွက်မည့် ကိစ္စနှင့် ပတ်သက်ပြီး ယနေ့နှောင်းပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားမည်ဟု စီစဉ်ထားသည်။
ရှင်ဇိုအာဘေးသည် ၎င်း၏ ကျန်းမာရေး အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်အတွင်း ဆေးရုံကို နှစ်ကြိမ်တိုင် သွားရောက်ခဲ့သည်။
ရှင်ဇိုအာဘေးသည် ကျန်းမာရေးနှင့် ပတ်သက်ပြီး ရာထူးက နုတ်ထွက်ခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။
၂၀ဝ၇ ခုနှစ်ကလည်း အူမကြီး ရောင်ရမ်းခြင်းကြောင့် တစ်နှစ်သာ တာဝန်ထမ်းဆောင်ပြီး ရာထူးက နုတ်ထွက်ခဲ့သည်။
အောက်လွှတ်တော်တွင် မဲအပြတ်အသတ် အနိုင်ရရှိကာ ၂၀၁၂ ခုနှစ်တွင် ထိပ်တန်းတာဝန်ကို ပြန်လည် ထမ်းဆောင်ခဲ့သည်။
အာဘေး၏ အဓိကအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အကြီးအကဲတာဝန်သည် လာမည့်နှစ် စက်တင်တင်လတွင် ပြီးဆုံးမည် ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို