ကျောင်းကုန်း ၂၈ ဩဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွား လာစေရေး၊ ငါးထုတ်လုပ်မှုပိုမိုတိုးတက်စေရေးအတွက် စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို တံခွန်တိုင်အုပ်စု၊ အဝစုကျေးရွာ၌ ယနေ့နံနက် ၈ နာရီအချိန် ကျင်းပခဲ့သည်။
အဆိုပါ စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးသော်ထွန်းဦး၊ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင် ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အောင်ဆွေနှင့် ဌာနဆိုင်ရာများ ၊မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများက တောင်သူ ဦးမြသန်း အပါအဝင် ၁၅ ဦး၏ လယ်မြေဧက(၁၃၇ ဒသမ ဝ၀)ဧကအတွင်းသို့ ငါးခုံးမကြီး ငါးသန်သား ပေါက်ကောင်ရေ ၆၈၅၀ဝ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


