၂၈ ဩဂုတ်

 

 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှု ကျူးလွန်သူ  ၅,၈၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

 

အခုဖမ်းဆီးခံရသူတွေဟာ ကျန်းမာရေး ဝန်ထမ်းတွေကို သတ်ဖြတ်သူတွေလို့ သံသယရှိသူ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်း ခိုးယူသူနဲ့ ခရီးသွား ရာဇဝင်ကို လိမ်ပြောသူတွေလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

အမှုတစ်မှုဟာ ဈေးဝယ်လာသူက မျက်နှာဖုံး ဝတ်ဆင်မှု မရှိတဲ့အတွက် ဆိုင်ရှင်က သေတဲ့အထိ ရိုက်နှိုက်တဲ့ အမှုဖြစ်ပါတယ်။

 

 

နောက်ထပ် အမှုကတော့ ကျန်းမာရေး ဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ကားနဲ့ တိုက်သတ်တာမျိုး၊ ကိုယ်အပူချိန် တိုင်းတာတဲ့ ကျန်းမာရေး ဝန်ထမ်းကို ဓါးနဲ့ထိုးတဲ့ အမှုမျိုးတွေ ပါရှိပါတယ်။

 

 

တခြားအမှုတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ခံစားရတဲ့ လူနာတွေကို ကူညီဖို့ အလှူငွေ တောင်းခံပြီး အလွဲသုံးစားလုပ်သူ၊ အရည်အသွေး မမီတဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေ ရောင်းချသူနဲ့ ခရီးသွား ရာဇဝင် လိမ်လည်ပြောဆိုသူ သို့မဟုတ် ကျန်းမာရေး အခြေအနကို လိမ်ပြောသူတွေ ပါဝင်ပါတယ်။

 

 

ဇန်နဝါရီကနေ ဇူလိုင်လအထိ ဖမ်းဆီးခံရသူ ၅,၇၉၇ ဦးရှိပြီး ၆,၇၅၅ ဦးဟာ တရားစွဲဆို ခံထားရကြောင်း မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ထုတ်ပြန်ချက်မှာ ဘယ်နှယောက်ကို ဆက်လက် ဖမ်းဆီးထားကြောင်းနဲ့ ဘယ်နှယောက်ကို စီရင်ချက်ချပြီးကြောင်း မပါရှိတာကို တွေ့ရပါတယ်။

 

 

တရုတ်နိုင်ငံမှာ စူပါမားကတ်၊ ရုပ်ရှင်ရုံ၊ အများသုံး ယာဉ်တွေပေါ်မှာ မျက်နှာဖုံးဟာ ဝတ်ကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ အခုရက်ပိုင်း အတွင်းမှာ ဒေသတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား- AFP

mdn