လှိုင်းဘွဲ ၂၉ ဩဂုတ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ အသိပညာပေးလုပ်ငန်းကို မြိုင်ကြီးငူတိုက်နယ် ဆရာဝန်ဒေါက်တာသန်းထိုက်အောင် ကိုယ်တိုင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက  ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ဒုတိယလှိုင်း ဖြစ်ပေါ်လာနေသည်ဖြစ်၍ ပြည်သူများအနေဖြင့် အသိ၊ သတိရှိစွာနှင့် နေထိုင်သွားလာကြရန် လက်ကို မကြာခဏဆေး ကြောသန့်စင်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ပြီးမှသာလျှင် သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ ကျန်းမာရေးဆရာ/မများ၊ ကျေးရွာတာဝန်ရှိသူများ၏ အသိပေးညွှန်ကြားချက်အတိုင်း လိုက်နာကြရန် အသိပေးပြောကြားပြီး မြိုင်ကြီးငူဒေသအတွင်းရှိ မနက်ဈေး၊ ကားဂိတ်၊ စက်လှေဂိတ်၊ အနှေးယာဉ်ဂိတ်၊ တက္ကစီဂိတ်များသို့ ကွင်းဆင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)