မိုးညှင်း ၂၉  ဩဂုတ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အောင်သပြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဩဂုတ် ၂၇ ရက်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုးညှင်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြား ၅၇ ခုအား နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်း ဆောင်ရွက်ပေးမှုအရ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် အသက်(၁၀)နှစ်အောက် ကျား ၂၁ ဦး၊ မ ၁၃ ဦး စုစုပေါင်း ၃၄ ဦးနှင့် အသက် ၁၈ နှစ်အထက် ကျား ၉ ဦး၊ မ ၁၄ ဦး စုစုပေါင်း ၂၃ ဦး တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးသူထံမှ သိရသည်။

 

“ဒီစီမံချက်ကို အခုနှစ်ဇွန်လကနေပြီး ဆောင်ရွက်ပေးခဲ့တယ်၊ ဒီနေ့ဆိုရင် မော်ဟန်ကျေးရွာအုပ်စုကို ကွင်းဆင်း ဆောင်ရွက်မယ်၊ တစ်မြို့နယ်လုံးဆိုရင် အသက်(၁၈)နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးတဲ့သူပေါင်း ၂၀၀၀ နီးပါးလောက် ကွင်းဆင်းဆောင်ရွက်ပေးပြီးပြီ၊ ကွင်းဆင်းဆောင်ရွက်ဖို့ကျေးရွာတွေ သိပ်မကျန်တော့ဘူးကျန်တဲ့ ရွာတွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်”ဟု မြို့နယ်ဦးစီးမှူး ဦးစိုးသူက ပြောကြားသည်။

 

ယခုစီမံချက်သည် မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား(နံပါတ်)လစ်လပ်နေသည့် မဲဆန္ဒ ရှင်များကို အဓိက ထားပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားရရှိအောင် ဆောင်ရွက်သည့် စီမံချက်ဖြစ်ကြောင်း မြို့နယ်ဦး စီးမှူးဦးစိုးသူက ပြောကြားသည်။

ခရိုင်(ပြန်/ဆက်)