ပခုက္ကူ  ၂၉  ဩဂုတ် 

 

မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ ၁ ခန်းမတွင် ဩဂုတ် ၂၉ ရက်နံနက် ၉ နာရီက ကျင်းပသည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက မဲစာရင်းများမှန်ကန်ရေးနှင့် မဲရုံများ စနစ်တကျ တည်ဆောက်နိုင်ရေး ဒုတိယအကြိမ် ထုတ်ပြန်မည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် ဌာနဆိုင်ရာများ မြို့နယ်နှင့် ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲ ဝင်များက အလေးထားပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် တက်ရောက်လာသော ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်‌ရွေး‌ကော် ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များက လက်ရှိ‌ဆောင်ရွက်‌နေမှုအ‌ခြေအ‌နေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

 

ကိုတမာ(ပြန်/ဆက်)