ပူတာအို ၂၉ ဩဂုတ်
ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်း ပူတာအို-ဆွမ်ပရာဘွမ် ကြားရှိ ကျိုးပျက်သွားသည့် ဖုန်အင်သံဘောင်ဘေလီတံတား ပြုပြင်ပြီးစီးပြီဖြစ်၍ ဩဂုတ် ၂၈ ရက် ညပိုင်းကစ၍ ယာဉ်ငယ်များစတင်ဖြတ်သန်းမောင်းနှင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရှိ ပူတာအို-ဆွမ်ပရာဘွမ်ကြား တံတားအမှတ်(၆/၁၄၈) ဖုန်အင်သံဘောင်ဘေလီတံတား အရှည်ပေ(၂၅၃ ပေ)၊ အကျယ်(၁၂ ပေ) ပေါ်သို့ ဘိလပ်မြေတင်ဆောင်သည့် ယာဉ် ဖြတ်သန်းမောင်းနှင်စဉ် P1-P2 ကြား၊ 4th H20 သံဘောင်ကျိုးကျခဲ့၍ ယာဉ်အသွားအလာပြတ်တောက်ခဲ့ပြီး တာဝန်ရှိသူများနှင့် တံတားအထူးအဖွဲ့(၁)မှ ပြုပြင်မှုများဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၈ ရက်၊ ည ၁၀ နာရီခန့်တွင် ပြုပြင်မှုများပြီးစီးပြီဖြစ်၍ ယာဉ်ငယ်များ စတင်ဖြတ်သန်းမောင်းနှင်နိုင်ပြီဖြစ်ပြီး တံတားခံနိုင်ဝန်အားစစ်ဆေးပြီးပါက ယာဉ်ကြီးများကိုလည်း ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


