မြင်းမူ  ၂၉  ဩဂုတ်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး မဲဆန္ဒရှင်အမည်စာရင်းများ ပြုစုဆောင်ရွက် လျက်ရှိရာ မဲစာရင်းများ မှန်ကန်မှုရှိမရှိ စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြုစုထားပြီးဖြစ်သော စာရင်းများတွင်  မဲဆန္ဒရှင်တစ်ယောက်ဖြစ်ရန်  အဓိကလိုအပ်ချက်များဖြစ်သည့် မဲဆန္ဒရှင်နှင့် ပတ်သက်သည့် အမည်များ၊ အသက်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်များ ရေးသွင်းထားမှု မှန်ကန်မှု ရှိမရှိကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်နှင့်အဖွဲ့ မှ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ခြင်းသည် မဲစာန္ဒရှင်စာရင်းမှားယွင်းမှုများကို အချိန်မီပြင်ဆင်ပေးနိုင်ကာ မဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင် က ပြောသည်။

 

မြင်းမူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းပြုစုထားမှုအရ မဲပေးနိုင်သူဦးရေပေါင်း (၉၃၉၁၀)ဦးရှိကြောင်း သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)