ဟင်္သာတ  ၂၉  ဩဂုတ်

ရခိုင်ပြည်နယ်မှ ဟင်္သာတမြို့နယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန်များကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း ကျောင်း(ဟင်္သာတ)တွင် Quarantine ထားရှိသွားမည်ဖြစ်‌ ကြောင်း သိရသည်။

 

“ရခိုင်ပြည်နယ်က နေရပ်ပြန်လာသူတွေကို Quarantine ပြုလုပ်တဲ့‌ နေရာမှာ  ယခုလ ၁၆ ရက်နေ့ကနေ နောက်ပိုင်း ပြန်လာသူတွေ အားလုံးပါဝင်မှာ ဖြစ်တယ်၊ ကျွန်တော်တို့ ထွေ/အုပ်ရယ်၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့  ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအဖွဲ့က လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်ဟု” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ပြောသည်။

 

“လူမှုရေးအဖွဲ့တွေရဲ့အကူအညီနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်တွေ၊ လိုက်နာရမယ့်စည်းကမ်းတွေ၊ ဆောင်ရန် ရှောင်ရန်တေကိုလည်း မြို့နယ်အတွင်းကို လှည့်လည်  အသိပညာပေးမှုတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ဆက်လက်ပြောပြသည်။

 

ဟင်္သာတမြို့နယ်တွင် ရခိုပြည်နယ်မှ ပြန်လည်ရောက်ရှိလာတဲ့သူများကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့များပူးပေါင်းပြီး စုံစမ်းရှာဖွေ စာရင်းကောက်ယူပြီး Quarantine ဝင်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)