မင်းကင်း  ၂၉  သြဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု (၁၁၅)စုအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ယနေ့ နံနက်  ၉ နာရီက မင်းကင်းမြို့ ယွန်းကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဉီးဆန်းဗိုလ်နှင့် တာဝန်ရှိသူများက အိမ်ထောင်စု တစ်စုလျှင် ဆန် နှစ်ပြည်၊ ဆီ တစ်ဘူး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန ဉီးစီးမှူး  ဉီးသုတစိုးက ဆန်ဖိုးငွေ ၆၂၇၉၀၀ ကျပ်ကို  အမှတ်(၃)ရပ်ကွက်မှ ပြောင်းရွှေ့ရသော အိမ်ထောင်စု(၇၉)စု လူဉီးရေ ၂၉၉ ဉီးတို့အတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍   ကျန်ရှိသော  ရေဝင်ပြောင်းရွှေ့အိမ်ထောင်စုများကို ပေးအပ်သွားမည်ဖြစ်ပြီး ပြောင်းရွှေ့နေထိုင်ရ သော ဘုန်းတော်ကြီးကျောင်း၊ ယွန်းကျောင်း၊ မဟာမင်းကျောင်းတိုက်၊ မင်္ဂလာပဇ္ဇေတာရုံ ကျောင်းတိုက်များ ကို  ငွေကျပ် ငါးသောင်းစီ လှူဒါန်းခဲ့ကြောင်း  သိရသည်။

 

ချင်းတွင်းသား