ငဖဲ   ၂၉  ဩဂုတ်

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချူပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချူပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခြင်း၊ ဝန်ထမ်းများ တာဝန်ချထားမှုနှင့် တာဝန်ထမ်းဆောင်နေမှုများကို စစ်ဆေးခြင်း၊ ဂိတ်အဝင်/အထွက် မော်တော်ယာဉ်များ ရပ်တန့်စစ်ဆေးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ၊ နှာခေါင်းစည်း(Mask)များနှင့် လက်သန့်ဆေးရည် ဗူးများကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)